ပုလောမြို့၌ (၇၇)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်၍ ကုသိုလ်ပြု

ပုလော မေလ ၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့နယ်၌ (၇၇)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့ နံနက် ၁၀ နာရီက ပုလောမြို့ အရှေ့ကျောင်းတိုက် စေတီတော်ရင်ပြင်တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်၍  ကုသိုလ်ပြုခဲ့ကြကြောင်း သိရသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်၍ ကုသိုလ်ပြုရာ၌ ပုလောမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးကျော်ဇင်ထိုက် ဦးဆောင်၍  သန္ဓေ ၁၇ ဦး အရန်မီးသတ် ၁၃ ဦးနှင့် မြိုန့ယ်မီးသတ်စည်းကမ်းထိန်းသိမ်းရေးဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက (၇၇) နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ဆိုင်းပုဒ်စိုက်ထူခြင်းနှင့် အရှေ့ကျောင်းတိုက်စေတီတော် ရင်ပြင်၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ပြီး၊ ဘုရားပန်းများ၊ သောက်တော်ရေချမ်းများ၊ ဆီးမီးတော်တို့ကို ကပ်လှူပူဇော်၍ ကုသိုလ်ပြုခဲ့ကြကြောင်း သိရသည်။

အေးအေးမော် (ပုလော)