မင်းဘူး(စကု)မြို့နယ်အတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုများကြောင့် လူနေအိမ် (၁၃၀) ကျော် အမိုးလန်ပျက်စီး

မင်းဘူး မေ ၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း ယမန်နေ့ညနေပိုင်းက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၄) လုံးပြိုလဲခဲ့ပြီး (၁၃၂) လုံးခန့် အမိုးလန်ပျက်စီးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုဖြစ်စဥ်တွင် စာသင်ကျောင်း (၁) ကျောင်းနှင့် ဘာသာရေးအဆောက်အဦ (၇) လုံးပါဝင်ပြီး ပျက်စီးဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးမှာ ၃၂ ဒသမ ၅၀၃၂ ကျပ်သန်းခန့်ရှိကြောင်း ကနဦးသိရသည်။

ခရိုင်(ပြန်/ဆက်)