ပခုက္ကူမြို့၌ ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်

ပခုက္ကူ  မေ ၁

၂၀၂၃ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်သည်။

ယင်းအသိပညာပေး(Talk Show)ဆွေးနွေးပွဲတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်နှင့် ဦးစီးအရာရှိ ဒေါ်ချိုချိုမာတို့က ကမ္ဘာ့အလုပ်သမားနေ့ (May Day) ပေါ်ပေါက်လာပုံ သမိုင်းအကျဉ်း၊ မြန်မာနိုင်ငံတွင် အလုပ်သမား လူတန်းစားများအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့မှု သမိုင်းကြောင်းများ၊ တောင်သူလယ်သမားများ၊ ကျောင်းသားများနှင့် ပြည်သူတစ်ရပ်လုံး ပါဝင်ခဲ့သည့် ၁၃၀၀ပြည့် အရေးတော်ပုံကြီးအကြောင်း၊ ၁၉၃၈ ခုနှစ်၊ မေလ()ရက်နေ့တွင် ရေနံချောင်းမြို့၌ အလုပ်သမားနေ့ အခမ်းအနား ကျင်းပရာ သခင်ဘမောင်နှင့် အလုပ်သမားအခွင့်အရေး လိုလားသူများက အလုပ်သမား စည်းလုံးညီညွတ်ရေးနှင့် ပတ်သက်၍ ဆွေးနွေးဟောပြောခဲ့မှုများအကြောင်းနှင့် ၂၀၂၃ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့ ဆောင်ပုဒ်အကြောင်းတို့ကို အကျယ်တဝင့် ဆွေးနွေးကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)