(၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သရက်ချောင်းမြို့၊ မြို့ကျက်သရေဆောင် ရတနာအောင်သိဒ္ဓိမြို့ဦးစေတီမြတ်ကြီး၌  စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

သရက်ချောင်း   မေ  

(၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက်ရှိ ရတနာအောင်သိဒ္ဓိ မြို့ဦးစေတီမြတ်ကြီး၌ ယနေ့နံနက် ၇နာရီအချိန်က သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်လွင် ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက စုပေါင်းသန့်ရှင်းရေး  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက ရတနာအောင်သိဒ္ဓိမြို့ ဦးစေတီမြတ်ကြီး အပေါ်/အတွင်း၌ ရေသပ္ပါယ်ပူဇော်ခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်း၊ အမှိုက်သရိုက်များ ဖယ်ရှားခြင်းနှင့် ဘုရားပန်းများ လဲလှယ်ပူဇော်ခြင်း၊ ဆီမီးပူဇော်ခြင်းနှင့် ဆွမ်းတော်ကပ်လှူပူဇော်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်လွင်ထံမှ သတင်းရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)