ရှမ်းရွာသစ် မေ ၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ လူစည်ကားသည့်နေရာများတွင် ပြည်သူများ Mask များ တပ်ဆင်သွားလာစေရေးအတွက် Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါ လုပ်ငန်းကို ရှမ်းရွာသစ် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင် ဦးဆောင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများပူးပေါင်းကာ အမှတ် ၂ ရပ်ကွက်ရှိ လူသွားလာများသည့် နေရာများတွင် Mask တပ်ဆင်ခြင်း သွားလာခြင်းမရှိသည့် ပြည်သူများကို Mask များ အခမဲ့ဝေငှပေးခဲ့ပြီး အများပြည်သူများ သိသင့် သိထိုက်သော ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်ရေးအတွက် ရှောင်ရန်/ဆောင်ရန်အချက်များအား တာဝန်ရှိသူများတို့မှ အသိပညာပေးရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ရောဂါ မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဖြစ်သည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ Mask Campaign ဆောင်ရွက် ခြင်းလုပ်ငန်းနှင့် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)