အုတ်တွင်းမြို့နယ်၌ဒဿမအကြိမ်မြောက်မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင် ဗုဒ္ဓဝင်ပြိုင် ပွဲ ကျင်းပ

အုတ်တွင်း ဧပြီ ၃၀

ဒဿမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲကို နိုင်ငံတစ်ဝှမ်းရှိ စာဖြေဌာန အသီးသီး၌ တစ်ပြိုင်နက်တည်း ကျင်းပလျက်ရှိရာ ယမန့်နေ့မွန်းတည့် ၁၂နာရီ အချိန်က ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၊ ရေအိုးစဥ်ကျေးရွာ အုပ်စု၊ ရေအိုးစဥ်ကျောင်းတိုက်ရှိ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အခြေပြု (မူလတန်း) အဆင့်၊ ပြိုင်ပွဲဝင်(အလယ်တန်း)အဆင့် ကျောင်းသား၊ ကျောင်းသူများအား ယဥ်ကျေးလိမ္မာမှုရှိစေရန်၊ သာသနာတော် ထွန်းကားပြန့်ပွားရေးနှင့် ဗုဒ္ဓဘာသာကို ရိုသေကိုင်းရှိုင်းတတ်စေရန် ရည်ရွယ်၍ ရေအိုးစဥ်ကျောင်းတိုက်ဆရာတော် ဦးဝိသုတဦးစီး၍ အုတ်တွင်းစာဖြေဌာနတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ()ရွာ မှကျောင်းသား/သူများက ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။

အဆိုပါ ဒဿမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲတွင် အ​ခြေပြု (မူလတန်း)အဆင့်ရေးဖြေ ပြိုင်ပွဲဝင် ကျောင်းသား/သူ (၆၃)ဦးအား မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ (၁)နာရီအထိလည်းကောင်း၊ ပြိုင်ပွဲဝင်(အလယ်တန်း)အဆင့် ကျောင်းသား/သူ (၂၃)ဦးတို့အား အွန်လိုင်းစနစ်ဖြင့် မွန်းလွဲ(၁)နာရီခွဲမှ ညနေ(၅)နာရီအတွင်း ဖြေဆိုချိန် (၄၅)မိနစ်စီ အသုံးပြုကာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)