မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ မြို့ဦးပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ တေဇိန္ဒသာရအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ “ဂုဏဝိသိဋ္ဌပူဇာ” မင်္ဂလာကျင်းပ

ကန့်ဘလူ ဧပြီ ၃၀

၂၀၂၃ ခုနှစ် မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရရှိသည့် မြို့ဦးပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တတေဇိန္ဒသာရ အားထပ်ဆင့်ဂုဏ်ပြုပွဲ ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာကို ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ်( )ရပ်ကွက် မြို့ဦးရွာမပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ရာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ နတ်ပေးကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသနှင့် သံဃာတော်များ ကြွရောက်တောမူကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့ နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်နှင့် တက်ရောက်လာကြသူများက မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ နတ်ပေးကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တဣဣန္ဒောဘာသထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားသရဇ္စျာယ်တော်မူသည့် မေတ္တာသုတ်ပရိတ် တရားတော်များကို နာယူကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ မြို့ဦးပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တတေဇိန္ဒသာရအား ဘွဲ့တံဆိပ်တော်နှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံမှ အနုမောဒနာတရား နာယူကြကာ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)