သဲကုန်းမြို့နယ်တွင် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးခြင်းရက်သတ္တပတ် လှုပ်ရှားမှုများဆောင်ရွက်

သဲကုန်း ဧပြီ ၂၉

ကမ္ဘာ့ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးခြင်း ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် မွေးကင်းစ ကလေးငယ်များနှင့် အသက်(၂)လမှ (၃) နှစ်အောက်ကလေးငယ်များကို ကာကွယ် ဆေးထိုးနှံ/ တိုက်ကျွေးပေးခြင်းကို ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ယမန်နေ့မှစ၍ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးခြင်းကို မြို့နယ်ဆရာဝန်ကြီးဒေါက်တာ စိုးမင်းထွေး၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတွင် မွေးကင်းစကလေးငယ်များနှင့် ကာကွယ်ဆေးထိုးနှံရန်ပျက်ကွက်ခဲ့သော အသက်(၂)လမှ (၃) နှစ်အောက်ကလေးငယ်များအား ပြန်လည်ခေါ်ယူ၍ ကာကွယ် ဆေးထိုးနှံ/ တိုက်ကျွေးပေးခဲ့ကြသည်။

အဆိုပါကမ္ဘာ့ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးခြင်းရက်သတ္တပတ်လှုပ်ရှားမှုကို ဧပြီ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့ထိ ကာကွယ်ဆေးများကို စနစ်တကျထိုးနှံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)