လပွတ္တာ ဧပြီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (VDP)လုပ်ငန်းများ လျာထားရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက သပြုကုန်းကျေးရွာအုပ်စု၊ ပျဥ်ထောင်တွင်းကျေးရွာနှင့် လွန်ချောင်းကျေးရွာတို့တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးနိုင်ဦးနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြတ်ကျော်သူက ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ ပထမဦးစားပေး၊ ဒုတိဦးစားပေး(VDP) လုပ်ငန်းများအား လျာထားရွေးချယ်ရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ ဆက်)