မကွေးတိုင်းဒေသကြီး အားကစားအောင်နိုင်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မကွေး ဧပြီ ၂၉

မကွေးတိုင်းဒေသကြီးအားကစားအောင်နိုင်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ  တိုင်းဒေသကြီးအားကစားအောင်နိုင်ရေးကော်မတီ နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ တိုင်းဒေသကြီးအားကစားအောင်နိုင်ရေးကော်မတီ နာယက ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီးအားကစားအောင်နိုင်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးအားကစားအောင်နိုင်ရေး ကော်မတီ နာယက ဒေါ်ဝင်းဝင်းမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ တိုင်းဒေသကြီး အတွင်း၌ မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာရေး၊ တိုင်းဒေသကြီး/ ပြည်နယ်အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များ ပိုမိုရရှိနိုင်စေရန် ရည်ရွယ်၍ တိုင်းဒေသကြီး အားကစားအောင်နိုင်ရေးကော်မတီကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ဖွဲ့စည်းခဲ့ပါ ကြောင်း၊ တိုင်းဒေသကြီးအားစားပြိုင်ပွဲ အောင်မြင်မှုများသည် တိုင်းဒေသကြီးအေးချမ်းဖွံ့ဖြိုး တိုးတက်ခြင်း၏ သင်္ကေတများဖြစ်ပြီး ယခင်နှစ်များ အောင်နိုင်ရေးအားကစားနည်းများတွင်သာမက ကျန်ရှိသည့် အားကစားနည်းများတွင်ပါ ဖွံ့ဖြိုးတိုးတက်အောင်မြင်မှုများ ရရှိရေးကိုလည်း ကြိုးစား ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊အားကစားပွဲများတွင် အောင်မြင်မှုများရရှိနိုင်ရန် စနစ်တကျ ပြိုင်ပွဲများ ပြုလုပ်ခြင်း၊ လူရွေးချယ်ခြင်း၊ စုဖွဲ့လေ့ကျင့်ခြင်းနှင့် သွားရောက်ယှဉ်ပြိုင်ခြင်းများကို အချိန်ကိုက် တွက်ချက်လုပ်ဆောင်ရမည်ဖြစ်သလို အုပ်ချုပ်သူအာဏာပိုင်အဖွဲ့အစည်းများနှင့် ဒေသ လုပ်ငန်းရှင် ဝါသနာရှင်များကလည်း အားပေးထောက်ပံ့ချီးမြှင့်မှုများ ပြုလုပ်ရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အားကစားပြိုင်ပွဲများ အောင်မြင်မှုများ အနေဖြင့် အလေးမပြိုင်ပွဲတွင် အမျိုးသမီးတံခွန်စိုက်ဆုနှင့် (ကျား/ မ)စုပေါင်းတံခွန်စိုက်ဆု၊ အသက် (၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုနှင့် ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် စုပေါင်းတံခွန်စိုက်ဆုများအား ရရှိခဲ့သည်အထိ အောင်မြင်မှုများ ရရှိခဲ့ပါကြောင်းနှင့် အားကစားပြိုင်ပွဲ များတွင် အောင်မြင်မှုများသည် တိုင်းဒေသကြီး၏ အရည်အသွေးနှင့်ဂုဏ်သိက္ခာကို ထင်ဟပ်စေသည့် အတွက် အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများ ဆက်လက်ရရှိစေရေး တက်ညီလက်ညီ ဝိုင်းဝန်း ဆောင်ရွက်ကြပါစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးအားကစားအောင်နိုင်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းက အမှာစကားပြောကြားပြီး တိုင်းဒေသကြီးအားကစား အောင်နိုင်ရေးကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ကော်မတီဖွဲ့စည်းထားရှိမှုအခြေအနေများ၊ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ထို့နောက် အစည်းအဝေးကို တက်ရောက်လာကြသော ကော်မတီဝင်များက တိုင်းဒေသကြီး/ ပြည်နယ် အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများ ဆက်လက်ရရှိနိုင်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းများအား ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြကြောင်း သိရသည်။

ကိုစည်သူ (ပြန်/ ဆက်)