နတ်မောက်မြို့ အခြေခံပညာ အထက်တန်းကျောင်း (အောင်ဆန်း)တွင် နွေရာသီအခမဲ့ ဘင်ခရာ တီးခတ်နည်း သင်တန်းဖွင့်လှစ်

နတ်မောက် ဧပြီ ၂၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ဘင်ခရာတီးသင်တန်းကို ယမန်နေ့က အခြေခံပညာ အထက်တန်းကျောင်း(အောင်ဆန်း)တွင် ဖွင့်လှစ် သင်ကြားပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်လှစ်ရခြင်းမှာ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလ တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊  ဂီတနှင့်ကျွမ်းဝင်မှုရှိစေရန်၊ ကလေးများအား ဘက်စုံကဏ္ဍစုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဖွင့်လှစ် ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းနည်းပြဆရာ ဦးဌေးအောင်မှ ဂီတနုတ်များဖြင့် စနစ်တကျပုလွေမှုတ်နည်း၊ ဘင်ခရာတီးခတ်နည်းများအား စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ရာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂၀)ဦး တက်ရောက်သင်ကြား လျက်ရှိကြောင်း သိရသည်။

လှဝင်း