နတ်မောက်မြို့နယ် ဖျောက်ဆိပ်ပင်စာသင်တိုက်သံဃာများသို့ ဆွမ်းအလှူရှင်များကလာရောက် ဆွမ်းကပ်

နတ်မောက်  ဧပြီ ၂၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ဖျောက်ဆိပ်ပင်ပရိယတ္တိစာသင်တိုက်ကြီးရှိ သံဃာတော်များသို့ ဆွမ်းအလှူရှင်များက နေ့စဉ်နီးပါးလာရောက်၍ ဆွမ်းဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ် ဖျောက်ဆိပ်ပင်ပရိယတ္တိစာသင်တိုက်ကြီးသည် နတ်မောက်မြိုု့၏ အရှေ့တောင်ဘက်  နတ်မောက်-မြို့သစ်-တောင်တွင်းကြီး မော်တော်ကားလမ်းမှ သွားရောက်ရပြီး ဘုန်းတော်ပြည့် ကျေးရွာအုပ်စု လက်ပံတုန်းကျေးရွာ၏ မြောက်ဘက်တွင်တည်ရှိသည့် စာသင်တိုက်ကြီးဖြစ်သည်။ ဖျောက်ဆိပ်ပင် စာသင်တိုက်တွင် စာချစာသင်သံဃာတော်အပါး (၁၆၀)ပါးခန့် ပရိယတ္တိစာပေစာ များကို သင်ကြားသင်ယူနေကြပြီး စာချစာသင်သံဃာတော်နှင့် သာမဏေငယ်များ၏ ဆွမ်းကွမ်းကိစ္စတို့ကို စာသင်တိုက်ဆွမ်းပဒေသာပင် မှကျခံ၍၎င်း၊ ဆွမ်းအလှူရှင်များ၏ နေ့စဉ်နီးပါးလာ ရောက်ဆွမ်းဆက်ကပ်လှူဒါန်းမှုများဖြင့်၎င်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိမြို့နယ်မှ ဒေသခံစေတနာရှင်များ၊ အခြားမြို့နယ်များမှ အလှူရှင်များမှ စာသင်တိုက်သို့ လာရောက် လှူဒါန်းကြသဖြင့် စာသင်တိုက်ရှိ စာချ/ စာသင်သံဃာတော်များအတွက် ဆွမ်းကိစ္စအဆင်ပြေ လျက်ရှိကြောင်း ဥပသကာတစ်ဦးကပြောသည်။

ဖျောက်ဆိပ်ပင်စာသင်တိုက်ကြီးသည် လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ ကျော်ခန့်က စတင်တည်ထောင်တော်မူခဲ့သော ပရိယတ္တိစာသင်တိုက်ကြီးဖြစ်ပြီး နိုင်ငံတော်မှ ကြီးမှူးကျင်းပသည့်ပါဠိ ပထမပြန်စာမေးပွဲများတွင် စာဖြေသံဃာများကို နှစ်စဉ်ဝင်ရောက်ဖြေဆိုစေလျက်ရှိသော ကျေးရွာ အခြေစိုက် ပရိပတ္တိစာသင်တိုက်ကြီးဖြစ်ကြောင်း သိရသည်။

မူမူစန်း