သရက်မြို့၌ ပြည်တွင်းထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျံနှင့် သီးနှံ အခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကျင်းပ

သရက် ဧပြီ ၂၇

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ပြည်တွင်းထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျံနှင့် သီးနှံ အခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ်(၁/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကျင်း ပခြင်းအခမ်းအနားကို ယနေ့ န့နက်(၈:၃၀)နာရီက အလင်းရောင်ကျောင်းလမ်း ခရိုင်အသေးစား စက်မှုလက်မှု လုပ်ငန်းရုံးတွင် ကျင်းပရာခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုးလှမြင့်က အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး ခရိုင်အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းဇော်ဝင်းမှ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် ဌာနရည်မှန်းချက်၊ အဓိကလုပ်ငန်း တာဝန်နှင့်လုပ်ငန်းများ ဆောင်ရွက်သည့်အခါ လိုအပ်ချက်များနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများကို ဥပဒေနှင့်အညီ စနစ်တကျမှတ်ပုံတင်စေ၍ ထုတ်ကုန်များအား အရည်အသွေး ကောင်းမွန်မှန်ကန်မှုရှိအောင် ဆောင်ရွက်စေလိုကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် ယခုသင်တန်းတွင် ပေါင်မုန့်ကိတ်မုန့်နှင့် ပတ်သက်၍ သင်ကြားပေးမှာဖြစ်၍ သင်တန်းတွင် စနစ်တကျ သင်ယူမှတ်သားစေလိုကြောင်း ပြောကြားပေးခဲ့သည်။

ထို့နောက် သင်တန်းအား ဆက်လက်သင်ကြားပို့ချရာ သင်တန်းတွင် သင်တန်းသား/သင်တန်းသူ (၂၀)ဦး တက်ရောက်သင်ကြားကာ သင်တန်းကာလမှာ(၇)ရက် သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဇော်ထက်(သရက်)