ထားဝယ် ဧပြီ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ကျက်သရေဆောင်လောကမာရဇိန်ဘုရားကြီးဝင်းအတွင်းရှိ၊ မဟာဓမ္မာရုံတော်တွင် (၈၁)ကြိမ်မြောက်၊ မဟာမြတ်ဗုဒ္ဓနေ့၊ ကဆုန်ညောင်ရေသွန်းပွဲတော် ဓမ္မပူဇာသဘင်ပွဲကို မေလ(၂)ရက်နေ့နှင့်(၃)ရက်နေ့တို့တွင် ဆရာတော်များက တရားအလှူပေးမည်ဖြစ်ကြောင်း သိရသည်။
ဘုရားကြီးဝင်းအတွင်းရှိ၊ မဟာဓမ္မာရုံတော်တွင် ထားဝယ်မြို့၊ ဇေယျဝတီစာသင်တိုက်ကျောင်းမှ မဟာဂန္ထဝါစကပဏ္ဍိတ၊ အရှင်ဉာဏိဿရ၊ ဆရာတော်နှင့် ဃောသိတာရာမပါဠိတက္ကသိုလ်ကျောင်းမှ သာသနဓဇဓမ္မာစရိယ၊ အရှင်ကဥ္စန၊ ဆရာတော်များက တရားအလှူပေးမည်ဖြစ်ပြီး အများပြည်သူများအနေဖြင့် ဆရာတော်များထံမှ လာရောက်တရားဘာဝနာရှုမှတ်ပွားများနိုင်ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)