ချောက် ဧပြီ ၂၇
ချောက်ခရိုင်၏ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ချောက်ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ ချောက်ခရိုင် အုပ်ချုပ်ရေးမှူး ဦးဌေးကျော်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍ၊ သစ်တောကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍ၊ ဆောက် လုပ်မှုကဏ္ဍအလိုက် ဒေသန္တရစီမံကိန်းတာဝန်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ချောက်ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီအတွင်းရေးမှူး၊ ခရိုင်စီမံကိန်းဦးစီးမှူး ဒေါ်အေးအေးဖြိုးမှ ချောက်ခရိုင်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် နိုင်ငံပိုင်အခန်းမှ ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများ၏ ရင်းနှီးမြုပ်နှံမှု ရည်မှန်းချက်များအပေါ် ရှင်းလင်းတင်ပြခဲ့သည်
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးများ တက် ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)