သံတောင်ကြီး ဧပြီ ၂၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကကြီးမြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များ၌ မြန်မာဘာသာနှင့် စကောကရင်ဘာသာဖြင့် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ အသိပညာပေး နှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ စည်းကမ်းချက်များ လိုက်နာရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အကြိမ်ပြည့် ထိုးနှံကြရန်၊ ကိုဗစ်-၁၉ မျိုးကွဲသစ်ကို ကြိုတင်ကာကွယ်နိုင်ရန် မိမိအိမ်သို့ပြင်ပမှ ဧည့်သည်များ လက်မခံရန်နှင့် အခြားသူများ ထံသို့သွားရောက်မလည်ပတ်ရန် ၊ အရေးကြီးကိစ္စနှင့် အပြင်ထွက်ပါက လူတိုင်း Mask ကို စနစ်တကျ တပ်ဆင်ရန်၊ လူစုလူဝေးရှိသော နေရာများကို ရှောင်ကြဉ်ရန်၊ လက်ကို မကြာခဏ ဆေးရန်၊ လက်မဆေးဘဲ ပါးစပ် ၊ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ကိုင်တွယ်ခြင်း မပြုလုပ်ရန်၊ လေဝင်လေ ထွက် ကောင်းသောအခန်း၌သာ နေထိုင်ရန်၊ ရောဂါကူးစက်ခံရပါက နီးစပ်ရာ ကျန်းမာရေးဌာန သို့ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူရန် စသည့် အသိပညာပေး နှိုးဆော်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စောမင်းသား(ပြန်/ဆက်)