ဝေါ အောက်တိုဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊သပြေကန်ကျေးရွာအုပ်စု စစ်တောင်းတံတားဂိတ်တွင် ယနေ့ နံနက်၈နာရီအချိန်က ကုန်တင်ကားများ ဖြတ်သန်းစီးဆင်း ပိတ်ဆို့မှုဖြစ်စဉ် ဖြေရှင်း ဆောင်ရွက်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဝင်း သိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးဗိုလ်မှူးကြီးလှမျိုးရွှေ၊ စက်မှု လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ဝန်ကြီးဦးသန်းဝင်းနှင့်အစိုးရအဖွဲ့အတွင်းရေးမှူးဦးခင်မောင်ဆန်းတက်ရောက်ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ၊လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူး ကြီး နေထွဋ်ဦး၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်သူဇော်နှင့် တိုင်း၊ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများတက်ရောက်ကာ နှစ်ဘက်ကုန်သွယ်မှုအ၀င်အထွက် နယ်စပ် ဂိတ်များတွင် ကုန်တင်ယာဉ်များကို ညွှန်ကြားချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေး ဆောင်ရွက် ခြင်းနှင့် ကုန်စည်စီးဆင်းမှုနှောင့်နှေးခြင်း မရှိစေရေး အဝင်/အထွက် နယ်စပ်ဂိတ် များတွင် ကုန်တင်ယာဉ်များ ရပ်တန့်ထားပြီး ညွှန်ကြားချက်များနှင့်အညီ ကျန်းမာရေး စစ်ဆေး ချက်များအား အမြန်ဆုံးစစ်ဆေး ထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက် ရမည်ဖြစ် ကြောင်း၊ တစ်ဖက်မှလည်း ကုန်စည်စီးဆင်းမှု နှောင့်နှေးကြန့်ကြာမှု မရှိစေရေးကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့သို့စစ်ဆေးရာတွင် ယာဉ်မောင်းများ၊ ယာဉ်နောက် လိုက်များတွင် ရောဂါပိုးတွေ့ရှိသူများလည်း ရှိလာနိုင်မည်ဖြစ်၍ လူနာတင်ယာဉ်များ၊ ရောဂါပိုးတွေ့ရှိသူ ထားရန်နေရာများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် တို့ကိုလည်း စီစဉ်ထားရှိရန်လိုအပ်ကြောင်း၊ Covid-19 ရောဂါပိုး အမြန်ဆုံး စစ်ဆေးနိုင်ရေး အတွက် Antigen Test Kit များအား ကျန်းမာရေးဦးစီးဌာနမှ သက်ဆိုင်ရာနေရာများသို့ ညတွင်းချင်း အရောက်ပေးပို့နိုင်ရေး ဂိတ်တာဝန်ကျဌာနဆိုင်ရာများမှလည်း လိုအပ်သည် များ ကူညီ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းဆွေးနွေးညှိနိုင်းခဲ့ကြသည်။
တွေ့ဆုံညှိနိုင်းပွဲသို့တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်နှင့် ဒေသခံလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ် အုပ်ချုပ်စီမံအဖွဲ့များ၊ ဝေါမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူးအပါအဝင် ကျန်းမာရေးဝန်ထမ်းများ တာဝန်ရှိသူများ၊ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)