တောင်ငူခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

တောင်ငူ ဧပြီ ၂၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း  (Book Club)တို့ ပူးပေါင်း‌၍ ယနေ့နံနက်ပိုင်းက တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

ရှေးဦးစွာ တောင်ငူပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးမှ  စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာပေချစ်မြတ်နိုးသူများအသင်း (Book Club) နာယက စာရေးဆရာကြီး ကေတုမောင်ညိုလင်းက ၎င်းရေးသားခဲ့သည့် အမေဆိုတဲ့စာနှင့် မောင်မဖြေနိုင်ဘူး အချစ်ရယ် ဝတ္တုအကြောင်းအရာများ၊ ဥက္ကဋ္ဌ ဦးစောဂျရုန်းက စောစံဘိုးသင်းအကြောင်း၊ အဖွဲ့ဝင်ဦးချစ်ကိုက စာရေးဆရာ ထန်းတပင်စန်းလွင် ရေးသားထားသည့် မီးလျှံများကို ဖြတ်ကျော်ခြင်းစာအုပ်အကြောင်းနှင့် အတွင်းရေးမှူး စာရေးဆရာကြီး ကိုလွင်(နန်းမြေ)က ၎င်းရေးသားခဲ့သည့် ကြိုးမဲ့လှေတံခွန် စာပေလက်ရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတရရှိစေရန်၊ စာပေချစ်မြတ်နိုးသူများ တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဥ်ကျင်းပဆောင်ရွက်လျက်ရှိကြောင်းနှင့် (/၀၂၃)လတွင် ရွှေဒါးမောင်မြင့်ထွန်းရေးသားထားသည့် စာဖတ်ခြင်း အနုပညာ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ကိုကို (ပြန်/ ဆက်)