ပုလော အောက်တိုဘာ ၄
ပုလောမြို့နယ် ပြင်ပရောက် မဲဆန္ဒရှင်ပြည်သူများ ကြိုတင်မဲပေးနိုင်ရေး အတွက် ကြိုတင်မဲ လက်မှတ်များကို အောက်တိုဘာလ ၃ ရက်နေ့မှစတင်၍ သက်ဆိုင်ရာ ဒေသသို့ ပေးပို့သွားမည် ဖြစ်ကြောင်း ပုလောမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး မှ သိရသည်။
ပုလောမြို့နယ်တွင် မြို့နယ် ပြင်ပရောက် ( ပြည်တွင်း) မှ ကြိုတင်မဲပေးရန် ဆန္ဒပြုထားသူ စုစုပေါင်း (၃၄၁) ဦးရှိပြီး၊ သက်ဆိုင်ရာ မဲဆန္ဒရှင်ရှိရာ ဒေသသို့ တာ၀န်ရှိသူများ ကိုယ်တိုင်သော်လည်းကောင်း၊ မြန်မာ့ ဆက်သွယ်ရေး (စာတိုက်၊ ကြေးနန်းနှင့် တယ်လီဖုန်း) မှတဆင့် ပေးပို့ သွားမည်ဖြစ်ကြောင်း ပုလောမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
အေးအေးမော်(ပြန်/ဆက်)