ကျွန်းလှ အောက်တိုဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာ ချထား ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီ အစဉ်အရ အသက်(၈၀) နှစ်ပြည့်ပြီး (၈၅)နှစ် မပြည့်သေးသည့် သက်ကြီးဘိုးဘွားများအား ယမန်နေ့က ထောက်ပံ့ ငွေပေးအပ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ သက်ကြီးရွယ်အိုဘိုးဘွားများအား တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် (၇၄၅)ဦး အတွက် ငွေကျပ် (၂၂၃၅၀၀၀၀)ကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် တာဝန် ရှိသူတို့က အိမ်တိုင်ရာ ရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)