ပုလောမြို့၌ အသက်(၆) မှ (၂)နှစ် ကလေးများအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး

 

ပုလော ဧပြီ ၂၆

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အသက်(၆)လမှ(၂)နှစ် ကလေးငယ်များအား  ပုံမှန်ကာကွယ်ဆေး ကို  ယနေ့ နံနက် ၈ နာရီက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ ဆုံဆို-ကြက်ညာ-မေးခိုင်-အသဲရောင် အသားဝါ (ဘီ)-ဦးနှောက်အမြေးရောင် (ငါးမျိုးစပ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်ဂျိုက်သိုး စသည့် ကာကွယ်ဆေးများကို ကလေးအသက်အရွယ်အလိုက် ထိုးနှံပေးလျက်ရှိကြောင်း၊ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ကလေးများအား ကိုယ်အလေးချိန် တိုင်းတာပေး၍ လိုအပ်သော ကျန်းမာရေး အသိပညာပေးများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပုလောမြို့ပေါ်ရပ်ကွက်ရှိ ကလေးများ အပါအဝင် နီးစပ်ရာ ကျေးရွာများမှလည်း ကလေးများလည်း လာရောက်ထိုးနှံလျက်ရှိကြောင်း   ကျန်းမာရေးသူနာပြု ဆရာမ ဒေါ်ချောစုမွန်ထံမှ သိရသည်။

အေးအေးမော်(ပုလော)