ရွှေတောင် ဧပြီ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းနှင့်အဖွဲ့သည် ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်(အ.ထ.က) ကျောင်းဝန်းအတွင်းရှိ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း ဆောက်လုပ်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့သည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက လိုက်ပါကွင်းဆင်းခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းမှ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းဖွင့်လှစ်မည့်အခြေအနေအား ဒေသတွင်းနှင့် အခြားမြို့နယ်မှ ကျောင်းသား /ကျောင်းသူများ တက်ရောက်နိုင်ရေး ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပေးဆောင်ပေးမည့် အခြေအနေများ၊ လာမည့်ပညာသင်နှစ်တွင် သင်ကြားရေး အစီအစဉ်များအား လမ်းညွှန်မှာကြားပြီး ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက်(အ.ထ.က) ကျောင်းဝန်းအတွင်းရှိ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း (၁၀၀) ရာခိုင်နှုန်းဆောက်လုပ်ပြီးစီးမှု အခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကိုကို(ပြန် /ဆက်)