ပေါက်ခေါင်းမြို့၌ အလှကုန်ပစ္စည်းများ ကုန်ညွှန်းအမှတ်အသား ပြည့်စုံပါဝင်ခြင်း ရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်

ပေါက်ခေါင်း ဧပြီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ မြို့မစည်ပင်သာဈေးကြီးအတွင်းရှိ အလှကုန်ပစ္စည်း မျိုးစုံရောင်းချသည့်ဆိုင်များရှိ အလှကုန်ပစ္စည်းများတွင်သတ်မှတ်ထားသည့် ကုန်ညွှန်းအမှတ်အသား ပြည့်စုံပါဝင်ခြင်းရှိ/မရှိကို တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲပိုင်းက စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ သုံးစွဲရန် မသင့်ကြောင်း ထုတ်ပြန်ထားသည့် တားမြစ်ဓာတုပစ္စည်းများပါဝင်သော အလှကုန်ပစ္စည်းများနှင့် (၅)ဂရမ်နှင့်အထက် အလှကုန်ပစ္စည်းများ၏ဘူးပေါ်တွင်  စားသုံးသူ ကာကွယ်ရေးဥပဒေပါပြဌာန်းချက်များအရ ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ရေးသွင်းဖော်ပြထားခြင်း ရှိ/မရှိနှင့်အလှကုန်ပစ္စည်း အမျိုးမျိုးအ‌ပေါ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ(၄၃)အရ ကုန်ညွှန်းအမှတ်အသားဖေါ်ပြရာတွင် မြန်မာဘာသာဖြင့် ဖေါ်ပြခြင်း ရှိ/မရှိနှင့် အမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ရေးသွင်းဖေါ်ပြထားခြင်း ရှိ/မရှိတို့ကို အများပြည်သူများသိရှိစေရန် အသိပညာပေးခြင်းနှင့် ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေး စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးကျော်ကျော်ထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)