ဒိုက်ဦးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ​မြို့မစျေးအတွင်း အလှကုန်ပစ္စည်း ရောင်းချနေသောဆိုင်များ လိုက်လံကြည့်ရှုစစ်ဆေး

ဒိုက်ဦး ဧပြီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စားသုံးသူ​ရေးရာဦးစီးဌာန​မှ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်နှင့်ဝန်ထမ်းများသည် ယမန်နေ့မွန်းလွဲပိုင်းက ဒိုက်ဦးမြို့မစျေးအတွင်း အလှကုန်ပစ္စည်းအမျိုးမျိုး ရောင်းချနေသောဆိုင်များသို့ ကွင်းဆင်း၍ ရောင်းချနေသော ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

 အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဈေးအကျိုးတော်ဆောင်အဖွဲ့မှ တာဝန်ရှိသူများက လိုက်လံပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)