မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် မဲရုံများလုံခြုံရေးအတွက် အထူးရဲ(၂၁၇)ဦးကို သင်တန်း ဖွင့်လှစ်ပို့ချ

ပန်းတနော် အောက်တိုဘာ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်‌တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကာလအတွင်း မဲရုံများတွင် လုံခြုံရေးတာဝန် ထမ်း‌ဆောင်မည့် အထူးရဲတပ်ဖွဲ့ သင်တန်းကို အောက်တိုဘာ ၁ ရက်မှ ၂၈ ရက်နေ့အထိ နံနက် ၈ နာရီမှ ၉ နာရီအထိ အလယ်ပိုင်းရပ်ကွက် ရွှေဟင်္သာဘုန်းကြီး‌ကျောင်း တန်ဆောင်း ၌ သင်တန်းပို့ချမည် ဖြစ်သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမင်း‌အောင်က အဖွင့်အမှာစကား ပြောကြား ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဇံက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြား သည်။

သင်တန်းတွင် စစ်ရေးပြ(လက်နက်မဲ့)၊ လူ့အခွင့်အရေး ဘာသာရပ်၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊သတင်းမီဒီယာဥပဒေနှင့်ကျင့်ဝတ်၊ ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာနှင့် ပြည်သူ လူထု ပူးပေါင်းပါဝင်သောရဲလုပ်ငန်းစနစ် စသည်တို့ကို ဆွေးနွေး ပို့ချပေးသွား မည်ဖြစ် ကြောင်း သိရသည်။

ပန်းတနော်မြို့နယ်တွင် မဲရုံပေါင်း(၂၁၇)ရုံရှိပြီး အဆိုပါမဲရုံများတွင် တာဝန် ထမ်းဆောင် မည့် အထူးရဲတပ်ဖွဲ့သင်တန်းသား(၂၁၇)ဦးကို  ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြား ချက်များနှင့်အညီ မြို့နယ်အတွင်း၌ (၃)နေရာခွဲ၍ သင်တန်းဖွင့်လှစ် သင်ကြား ပို့ချမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)