ဟင်္သာတ ဧပြီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဟင်္သာတခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူး၍ လူငယ်များ ဘက်စုံဖွံဖြိုးတိုးတက်ရေးအတွက် နွေရာသီ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ဟင်္သာတမြို့ ကနောင်စုရပ် တိုက်ကျောင်းလမ်းရှိ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်ဦးစီးမှူး ဦးကျော်စွာဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် မိမိတို့ဌာန၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်နေမှုအခြေအနေများ ကိုရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် ပတ်ဝန်းကျင်ထိခိုက်မှ ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ၊ နည်းဥပဒေမျာ လုပ်ထုံးလုပ်နည်းများအကြောင်း၊ စနစ်တကျ အမှိုက်စွန့်ပစ်ရေး၊ ပလပ်စတစ်လျော့ချသုံးစွဲရေးနှင့် ရာသီဥတုနှင့်အညီ လိုက်လျောညီထွေ နေထိုင်တတ်စေရေး စသောအကြောင်းအရာများ ပါဝင်ပြီး သင်တန်းသို့ သင်တန်းသား သင်တန်းသူ ၃၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)