ရေနံချောင်းမြို့နယ်၌ ရေးသူဖတ်သူ စာပေအသိအမြင်များ နှီးနှောဖလှယ်နိုင်ရန်  Club အသင်းများ ဖွဲ့စည်း

ရေနံချောင်း ဧပြီ ၂၅

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ရေးသူဖတ်သူ စာပေအသိအမြင်များ နှီးနှော ဖလှယ်နိုင်ရန် Book Club၊ Women Club နှင့် Youth Club များဖွဲ့စည်းခြင်းကို ယနေ့နံနက် ၈ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ချိုမီအောင်က Book Club၊ Women Club နှင့် Youth Club ကော်မတီများ ဖွဲ့စည်းရခြင်းနှင့်ပတ်သက်၍ စာဖတ်ဝိုင်းများ ဆွေးနွေးပွဲများမှတဆင့် စာဖတ်ရှိန်မြှင့်တင်ရန်အတွက် ပြည်သူများသို့ အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ ရေးသူဖတ်သူ စာပေအသိအမြင်များ နှီးနှောဖလှယ်နိုင်ခြင်း၊ စာပေဝါသနာရှင်များ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအနေဖြင့် မိမိတို့ သိရှိလိုသည်များကို ဆွေးနွေးခြင်း မျှဝေခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် Club အသင်းများကို ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် ကော်မတီဝင်များဖြင့် ဖွဲ့စည်းခဲ့ကြသည်။

အဆိုပါ Book Club၊ Women Club နှင့် Youth Club ကော်မတီများဖွဲ့စည်းခြင်း အခမ်းအနားသို့ မြို့နယ်စာရေးဆရာအသင်း၊ရေနံသာစနေကဗျာဝိုင်းနှင့် စာပေချစ်မြတ်နိုးသူများ၊ စိတ်ပါဝင်စားသူ လူငယ်လူရွယ်လေးများ တက်ရောက်ခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်