မင်းဘူး အောက်တိုဘာ ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်နှင့်ကျေးရွာများရှိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ယနေ့နံနက်ပိုင်းကစ၍ ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးရာတွင် ကလေးငယ်များကို အသည်း ရောင်အသား ဝါဘီ၊ ဦးနှောက်တီဘီ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ ပိုလီယိုကာကွယ်ဆေး၊ ပြင်းထန် အဆုတ်ရောင်၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင် အသားဝါ(ဘီ)-ဉီးနှောက် အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)ဂျပန်ဉီးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုး၊ ကာကွယ် ဆေးများအပြင် ပိုလီယိုအကြောသေရောဂါ ကာကွယ်သည့် အစက်ချ ဆေးတိုက် ကျွေးခြင်း တို့အပြင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေးပေးခြင်း နှင့် မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်မောင် (မင်းဘူး)