ပလောက် အောက်တိုဘာ ၄
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ ပလောက်မြို့ ၊ကျောက်လုံးကြီးကျေးရွာအုပ်စု ၊ ကျောက်တောင်ကျေးရွာ တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူသံဃာတော် များအား ဆေးကုသမှုခံယူနိုင်ရန်အတွက် ယမန်နေ့ နံနက် (၈)နာရီအချိန်ခန့်ကကျောက်တောင်ကျေးရွာ၊ ဘုန်းကြီး ကျောင်း ဓမ္မာရုံ ၌ ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
ထိုသို့ကြိုတင်ပြင်ဆင်ဆောင်ရွက်ရာတွင် ပလောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဆောင် သော မြို့ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ပူးပေါင်း၍ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ တစ်ပါး နှင့် တစ်ပါး ၆ ပေအကွာ ပြင်ဆင်ထားပြီး ကုတင် ၊ မွေ့ယာ၊ အိပ်ယာခင်း ၊ စောင် ၊ ခြင်ထောင်နှင့် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများ ဖြည့်ဆည်း ဆောင်ရွက်ခဲ့ ကြောင်း သိရ သည်။
နှင်းမြူလွင် (ပြန်/ဆက်)