ပဲခူးမြို့ရှိ သက်ကြီးအနှေးယာဉ်လုပ်သား(၆၀)ဦး‌ကျော်အား အ‌ခြေခံစားကုန်များထောက်ပံ့

ပဲခူး အောက်တိုဘာ  ၄

ပဲခူးမြို့ချမ်းမြေ့ဇေယျာ ဓမ္မစကူးလ်အဖွဲ့သားများ၏ ဦးဆောင်ပံ့ပိုးကူညီမှု့ အလှူရှင်များမှ စုပေါင်းလှူဒါန်းမှုဖြင့် အောက်တိုဘာလ(၃)ရက်နေ့ ညနေ(၄:၃၀)နာရီက ပဲခူးမြို့ ဂိတ်အသီးသီးရှိ သက်ကြီးအနှေးယာဉ်လုပ်သား(၆၀)ဦးကျော်အား အခြေခံစားကုန်များ လိုက်လံ ထောက်ပံ့ ပေးကြကြောင်း သိရသည်။

ပဲခူးမြို့ပေါ်ရှိ ဆိုက္ကားဂိတ်အသီးသီးတွင် အနှေးယာဉ်လုပ်သား(၁၀၀)ဦးကျော်ရှိပြီး ယနေ့တွင် ချမ်းမြေ့ဇေယျာ ဓမ္မစကူးလ်အဖွဲ့သားများ၏ ဦးဆောင်ပံ့ပိုးကူညီမှု အလှူရှင်များမှ စုပေါင်း လှူဒါန်းမှုဖြင့် သက်ကြီးအနှေးယာဉ်လုပ်သား(၆၀)ဦးကျော်အား တစ်ဦးလျှင် ဆန်၊ ဆီ၊ အာလူး၊ ကြက်သွန်၊ ဆား၊ ကုန်စိမ်း အသီးအနှံများနှင့် ငွေကျပ်(၅၀၀၀)စီတို့အား ထောက်ပံ့ပေးနိုင်ခဲ့ပြီး ကျန်ရှိနေသည့်သက်ကြီး အနှေးယာဉ် လုပ်သားကြီးများကိုလည်း အလှူရှင်များ၏ လှူဒါန်း ပေးမှုအပေါ်မူတည်၍ ဆက်လက်ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)