ရွှေဘိုမြို့တွင်​နွေရာသီ​ကျောင်းပိတ်ရက်သင်တန်းများဖွင့်လှစ်သင်ကြား

​ရွှေဘို ဧပြီ ၂၅

စစ်ကိုင်းတိုင်း​ဒေသကြီး၊​ ရွှေဘိုခရိုင်​ရွှေဘိုမြို့တွင်​ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်နွေရာသီကျောင်း ပိတ်ရက် ​ကျောင်းသား​ကျောင်းသူများ ကိုယ်ရည်ကိုယ်​သွေးမြင့်မားလာ​စေရန်၊ မိမိဝါသနာပါရာ ဘာသာရပ်များကို စနစ်တကျ​လေ့လာနိုင်​စေရန်၊ ယဥ်​ကျေးလိမ္မာ​သော လူ့စွမ်းအားအရင်း အမြစ်များ ​ပေါ်ထွန်းလာ​စေရန်ရည်ရွယ်၍၊​ နွေရာသီဘင်ခရာသင်တန်း၊ ယာဥ်​ကျေးလိမ္မာတန်း၊ အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျူတာသင်တန်း၊ ပန်းချီသင်တန်းများဖွင့်လှစ်သင်ကြား​ပေးသွားမည် ဖြစ်​ကြောင်း သိရသည်။

​အဆိုပါနွေရာသီဘင်ခရာသင်တန်း၊ ယဥ်​ကျေးလိမ္မာသင်တန်းများကို​​ ရွှေဘိုမြို့​ပေါ်ရှိ အထက ​ကျောင်းများတွင် ၂၀.၄.၂၀၂၃ မှ ၅.၅.၂၀၂၃ ရက်​နေ့ထိ ဖွင့်လှစ်သင်ကြား​ပေးမည်ဖြစ်ပြီး​ကျောင်းသား​ကျောင်းသူ​လေး​များ ပျော်ရွှင်စွာ တက်​ရောက်လျှက်ရှိ​ကြောင်း သိရသည်။

အေးမြင့်စန်း