မြောင်းမြမြို့ လူထုအခြေပြုဗဟိုဌာန၌ Women Club ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေး

မြောင်းမြ ဧပြီ ၂၅   

ဧရာဝတီတိုင်းဒေသကြီး၊  မြောင်းမြခရိုင်၊ မြောင်းမြမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  ယနေ့နံနက် နာရီက Women Club ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့သည်။  အဆိုပါစာဖတ်ဝိုင်းတွင် စာရေးဆရာမကြီး ခင်စောတင့် ရေးသားသည့် ကိုယ့်ဘဝကိုယ်သာကယ်တင်ရာစာအုပ်ပါ အကြောင်းအရာများကို စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးရာ  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို  ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် Women Club အဖွဲ့ဥက္ကဋ္ဌ  ဒေါ်မေထက်ထက်က  လွှတ်ထားလိုက်ကြပါစို့၊ ဘုရားသခင်အလိုအတိုင်းပါပဲခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက လူတစ်ဦးကိုတွေ့တိုင်း လေးစားမှုနှင့်ကြည့်ပါ၊ Women Club အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ခင်မို့မို့အောင်က ယုံကြည်မှုနှင့်ခုန်ကျော်သွားပါ၊ ဒေါ်အုန်းအုန်းလွင်က မိမိကိုယ်မိမိ ကူညီစေလိုက်ပါ၊ ဒေါ်ဝါဝါနှင်းက ထိုးထွင်းသိမြင်သောဉာဏ်အသစ်ဖြင့် ရယ်မောလိုက်ပါ၊ ဒေါ်အိအိစိုးက နေ့တိုင်းကိုနောက်ဆုံး နေ့အဖြစ်ယူဆပြီး ကျေးဇူးတင်စိတ်နဲ့နေလိုက်ပါ စသည့်ခေါင်းစဥ်များဖြင့်ဆွေးနွေးကြရာ စာဖတ်ဝိုင်းသို့တက်ရောက်လာသူများကလည်း စာအုပ်တွင်ပါရှိသည့် အကြောင်းအရာများ ထင်မြင်ယူဆချက် များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြောင်းမြခရိုင်