သာယာဝတီမြို့နယ်တွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေး(Talk Show )ဆွေးနွေးပွဲပြုလုပ်

သာယာဝတီ ဧပြီ ၂၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်တင်ဆက်သော အပူဒဏ်ကာကွယ်ရေး အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါအပူဒဏ်ကာကွယ်ရေးအကြောင်း အသိပညာပေး Talk Show အစီအစဉ်တွင် သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိအောင်နှင့် အငယ်တန်းစာရေး ဒေါ်နွယ်နီစန်းတို့က ပူပြင်းလှသည့် နွေရာသီတွင် အပူဒဏ်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ကြဉ်ရမည့် အချက်များ၊ အပူဒဏ်အန္တရာယ် အထူးသတိပြုရမည့် လူပုဂ္ဂိုလ်များနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အပြန်အလှန် အသိပညာပေးဆွေးနွေးခဲ့သည်။

သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ အသိဉာဏ်ပညာ ဗဟုသုတတိုးပွားစေရေးအတွက် အွန်လိုင်းမှတစ်ဆင့် အသိပညာပေး Talk Show များကို လစဥ်ထုတ်လွှင့်ပေးလျက်ရှိပြီး အဆိုပါအသိပညာပေး အစီအစဉ်များကို သာယာဝတီခရိုင် ပြည်သူ့စာကြည့်တိုက် လူမှုကွန်ရက်စာမျက်နှာတွင်လည်း အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)