ကော့သောင်း ဧပြီ ၂၅
နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်းအကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီးပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၂၆ဦး၊ အမျိုးသမီး၄၅ဦး၊ စုစုပေါင်း ၁၇၁ဦးအား ယနေ့မွန်းလွှဲပိုင်းက ထိုင်းနိုင်ငံရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့၊ တာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လွှဲပြောင်းပေးအပ်ခဲ့ရာ ပြန်လည်ဝင်ရောက်လာသူများအား ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးမှုများ အထူးကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာအလုပ်သမားများမှာ ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့်ကာလတစ်လျောက် အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်အတွင်းပိတ်မိနေသူများနှင့် အရေးယူခံနေခဲ့ရသူများဖြစ်ကာ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများကို ကော့သောင်းမြို့နယ် အုပ်ချုပ်ရေူမှူးဦးအောင်ချိုနှင့်အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက လိုအပ်သည်များကိုပြောကြားပြီး ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများက ကိုဗစ်-၁၉ရောဂါ ကူးစက်မှုသံသယရှိသူများ ပါဝင်လာခြင်းရှိ/မရှိ၊ မြန်မာနိုင်ငံသား မဟုတ်သူများ ပါဝင်လာခြင်းရှိမရှိ၊ မူးယစ်ဆေးဝါးသယ်ဆောင်လာခြင်းရှိမရှိ သတိပြုစစ်ဆေးလက်ခံခဲ့သည်။ အဆိုပါပြန်လည်ဝင်ရောက်လာသူများကို ကိုဗစ်- ၁၉ ရောဂါပိုးစစ်ဆေးမှုများ ဆောင်ရွက်ပြီးနောက် ရောဂါပိုးတွေ့ရှိသူများအား ကော့သောင်းမြို့၊ ပြည်သူ့ဆေးရုံတွင် အသွားအလာကန့်သတ်ထားရှိ စောင့်ကြည့်ထားရှိမည်ဖြစ်ပြီး မတွေ့ရှိသည့်သူများအား မိမိတို့နေရပ်ဒေသအသီးသီးသို့ စနစ်တကျ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)