ဖြူး ဧပြီ ၂၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်း၊ ကျေးရွာများ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း သုံးသပ်ဆွေးနွေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အဆင့်သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်မြစိမ်းရောင် ကော်မတီဝင်များနှင့် ကျေးရွာ မြစိမ်းရောင်ကော်မတီဝင်များတက်ရောက်၍ မြစိမ်းရောင် စီမံကိန်း များနှင့်ပတ်သက်၍ အားနည်းချက်၊ အားသာချက်များကို အသီးသီးဆွေးနွေးခြင်း၊ စီမံကိန်းရေရှည် တည်တံ့ရေးအကြံပြုခဲ့ကြကြောင်းနှင့် ဖြူးမြို့နယ်အတွင်း မြစိမ်းရောင်စီမံကိန်းဆောင်ရွက်သည့် ကျေးရွာပေါင်း(၅၆)ရွာရှိကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ ဆက်)