သာပေါင်း ဧပြီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဉ် (၂၁) ရက်နေ့မှ စတင်၍ ပုံမှန်လစဉ်တိုင်း ထုတ်ပေး လျက်ရှိရာ ယနေ့ နံနက် ၈ နာရီခွဲအချိန် ဆက်လက်ထုတ်ပေးလျက်ရှိ သည်။
သာပေါင်းမြို့နယ်တွင် ကာကွယ်ရေးပင်စင်စား (၂၈၁)ဦး၊ နိုင်ငံရေး ပင်စင်စား(၁၄၃)ဦး၊ မြို့ပြ ပင်စင်စား(၆၀၄)ဦး၊ ဘဏ်ဝန်ထမ်း ပင်စင်စား(၈)ဦး စုစုပေါင်း အငြိမ်းစား ပင်စင်စားဦးရေ (၁၀၃၆)ဦးရှိရာ ဧပြီလ ၂၁ ရက်နေ့မှ ယနေ့ ဧပြီလ ၂၄ ရက်နေ့အထိ မြို့ပြပင်စင်(၆၂)ဦး၊ ကာကွယ်ရေးပင်စင်(၃၀)ဦး၊ နိုင်ငံရေးပင်စင်(၁၃)ဦး၊ မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းပင်စင်(၃)ဦး ပေါင်းပင်စင် စား(၁၀၈)ဦး ထုတ်ပေးလျက်ရှိခဲ့ပြီး ကျန်းမာရေးချို့ယွင်းတဲ့ အငြိမ်းစားသက်ကြီး ပင်စင်စားများအား ဦးစားပေး၍ ဘဏ်ဝန်ထမ်း များက စနစ်တကျ ထုတ်ပေးလျက်ရှိနေပါ ကြောင်းနှင့် ပင်စင်လစာငွေများကို လစဥ်(၂၁)ရက်နေ့မှ လစာမထုတ်မီ တစ်ရက် အလိုရက်နေ့ အထိ နံနက် ၈ နာရီမှ စတင်၍ လာရောက်ထုတ်ယူသူ ပင်စင်စားကြီးများအားလုံးကို ထုတ်ပေးလျက်ရှိပြီး ကျန်ရှိသူ များကို အစိုးရရုံးပိတ်ရက်များမှ ဘဏ်ဖွင့်ချိန်အတွင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်၊ မြို့နယ် မန်နေဂျာ ဒေါ်အေးအေးနိုင်ထံမှ သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်