မြောင်းမြ ဧပြီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၁၀:၃၀ နာရီက စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် စာရေးဆရာမအေးဖြူ ရေးသားသည့် "ဖတ်မိသမျှတွေ မျှဝေပေးဖို့" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့ရာ ရှေးဦးစွာ Book Club အဖွဲ့နာယက ဆရာကြီး ဦးခင်စိုးနှင့် ဦးကျင်စိုးတို့က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ Book Club အဖွဲ့ ဥက္ကဋ္ဌ ဦးညီညီဌေးက "သာမန်မှ ထူးကဲအဆင့်သို့ လှမ်းရအောင်" ဖြင့် လည်းကောင်း၊ အတွင်းရေးမှူး ဆရာမကြီးဒေါ်အုန်းကြိုင်က "အလုပ်ခွင်မှာ ပျော်ရွှင်နိုင်ရေး" ဖြင့်လည်းကောင်း၊ ဦးလှထွဋ်ဦးက "ကျန်းကျန်းမာမာနဲ့ အိုကြရအောင်" ဖြင့်လည်းကောင်း ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက "စာအုပ်ပါ အကြောင်းအရာများကို ထင်မြင် ယူဆချက်များ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။
မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ စာဖတ်ရှိန် မြင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်း ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေဝေ(မြောင်းမြ)