အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ခတ္တာကျွန်းကျေးရွာ မီးဘေးသင့်ပြည်သူများအား လူသုံးကုန်ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်

အမာ ဧပြီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် (၁၀) ခွဲအချိန်က မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများနှင့်လူသုံးကုန်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။

ရှေးဦးစွာအမာမြို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဝင်းမှ ဘဝသစ်ကျေးရွာအုပ်စု၊ ခတ္တာကျွန်းကျေးရွာ မီးဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားပေးခဲ့ပြီး၊ ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး မင်းမာန်ခမှ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ခတ္တာကျွန်းကျေးရွာ၌ (၂၀.၄.၂၀၂၃) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော  နေအိမ် (၅) လုံး၊ လူဦးရေ (၂၁) ဦးအတွက် လူသုံးကုန်ပစ္စည်းများ၊ တစ်အိမ်ထောင်လျှင် ငွေကျပ်(၁)သိန်းနှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀၀) သိန်းကျပ်နှင့် ဆန်ရိက္ခာဖိုး (၄၄၁၀၀) ကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါအခမ်းအနားသို့ အမာမြို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဝင်းနှင့်ဝန်ထမ်းများ၊ ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး မင်းမာန်ခနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မီးဘေးသင့်ပြည့်သူများ စုစုပေါင်း (၂၀) တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်ကျော်အောင်

အမာ (ပြန်/ဆက်)