စေတုတ္တရာ ဧပြီ ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယမန်နေ့မွန်းလွဲ(၀၂:၀၀)နာရီတွင် နွေရာသီသင်တန်း(၂၀၂၃)သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ယဉ်ကျေးလိမ္မာ သင်တန်းသား၊ သင်တန်းသူများမှ ရွှေကျောင်းတော်ဆီသွားကြမယ် တေးသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်ပညာရေးမှူး ဦးသန်းမြိုင်မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အနုပညာသင်တန်းသား၊ သင်တန်းသူများမှ ပုဇဉ်တောင်သံကြိုး သီချင်းဖြင့် သီဆိုခြင်း၊ ကင်းထောက်သင်တန်းသား သင်တန်းသူများမှ ကင်းထောက်များရဲ့ရှေးသို့ခြေလှမ်း တေးသီခြင်းဖြင့် သီဆိုခြင်း၊ အနုပညာသင်တန်း(အေရိုးဗစ်) သင်တန်းသူများမှ Physical Fitness Dance အကဖြင့် ဖျော်ဖြေခြင်း၊ ယဉ်ကျေးလိမ္မာသင်တန်းသား၊ သင်တန်းသူများမှ ဖိနပ်လေးကိုညီအောင်ချွတ်မယ် တေးသီချင်းဖြင့်သီဆိုခြင်း၊ အနုပညာသင်တန်းသူများမှ ကဗျာလွတ်အကဖြင့် ကပြဖျော်ဖြေခြင်း၊ ကြက်ခြေနီသင်တန်းသား၊ သင်တန်းသူများမှ အများအတွက်ကြက်ခြေနီသီချင်းဖြင့် သီဆိုခြင်း အနုပညာသင်တန်းသူများမှ ပတ္တလားအတီးဖြင့် ဖျော်ဖြေခြင်း၊ ကင်းထောက်သင်တန်းသား၊ သင်တန်းသူများမှ ကင်းထောက်ဂုဏ်ရည်သီချင်းဖြင့် သီဆိုခြင်းစသည်ဖြင့် သင်တန်းအသီးသီးမှ ဂုဏ်ပြုသီချင်းများဖြင့် သီဆိုဂုဏ်ပြုခဲ့ပြီး သင်တန်းတက်ရောက်ခဲ့ကြသော သင်တန်းသား၊ သင်တန်းသူများကို သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များ အသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သင်တန်းကို ကြက်ခြေနီ၊ အနုပညာ၊ ကင်းထောက်၊ ယဉ်ကျေးလိမ္မာ၊ ကွန်ပျူတာ၊ ပိုက်ကျော်ခြင်း၊ ဘောလီဘော၊ စားပွဲတင်တင်းနစ်၊ စစ်တုရင်၊ အေရိုးဗစ်သင်တန်းအမျိုးအစား(၁၀)မျိုးဖြင့် သင်တန်းများကျင်းပခဲ့ကြောင်း၊ သင်တန်းအမျိုးအစား(၁၀)မျိုးအတွက် သင်တန်းသား(၁၂၁)ဦး၊သင်တန်းသူ(၂၂၅)ဦး စုစုပေါင်း(၃၄၆)ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တင်မိုးညွန့် ပြန်/ဆက်)