ကျွန်းစု ဧပြီ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မီးဘေးလုံခြုံရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် (191)Stickersများကပ်နှိပ်ခြင်းကို ယမန်နေ့နံနက် (၇:၃၀)နာရီအချိန်က ကျွန်းစုမြို့အမှတ်(၃)ရပ်ကွက်၊ ကတ္တလူကျေးရွာလမ်းဆုံလမ်းခွများ၊ စခန်းသစ်ကျေးရွာနှင့် ကံမော်ကျေးရွာတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးဌာနမှ မီးသတ်ဦးစီးအရာရှိဦးတင်ထွန်းနိုင်နှင့် သန္ဓေတပ်ဖွဲ့ဝင်များက အဖွဲ့(၄)ဖွဲ့ခွဲ၍ ရပ်ကွက်ကျေးရွာနေပြည်သူများအား မီးဘေးလုံခြုံရေးအသိပညာပေးစာစောင်တွင်ပါရှိသည့် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ရမည့်အချက်များ၊ မီးသုံးစွဲရာတွင် လိုက်နာရမည့်စည်းကမ်းများ၊ အပြင်မသွားမီ မီးသတိပြုရမည့်အချက်များ၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ပုံ/နည်းများ၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက မီးသတ်ရုံးသို့ ချက်ချင်းအကူအညီ တောင်းခံရန်အတွက် အရေးပေါ်ဖုန်းနံပါတ်(191)Sticker များ ကပ်နှိပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုးစိုးသွယ် (ကျွန်းစု ပြန်/ဆက်)