မင်းလှ ဧပြီ ၂၃
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် အတူ အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်ခရိုင်အဆင့်ဌာနဆိုင်ရာများသည် ယမန်နေ့ နံနက်ပိုင်းက သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ဝက်လှကြီးအုပ်စု၊ ညောင်နီကုန်းကျေးရွာအနီး ဦးပိုင်အမှတ်(၃၈)၊ ကွင်းအမှတ် ၁၁၀၄(E)၊ တောင်သူဦးထွန်းဇော်၏ လယ်မြေ(၅)ဧက၌ စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်ပျိုးနည်းပညာအကူအညီဖြင့် မျိုးစေ့ချကရိယာဖြင့် စိုက်ပျိုးထားသည့် ရက်(၉၀)မျိုး စံပြနွေစပါးစိုက်ခင်းအား ဓာတ်မြေဩဇာကြဲပတ်ခြင်းကို ကြည့်ရှုအားပေးကာ မျိုးကောင်းမျိုးသန့်များ အထွက်နှုန်းကောင်းမွန်စွာထွက်ရှိနိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်းနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်သည် သရော(ဂျီ)အုပ်စု၊ သရော(ဂျီ)ကျေးရွာတွင် မွေးမြူရေးဝက်(CP) မျိုးကောင်ရေ(၅၀)ခန့်မွေးမြူထားသည့် ဦးသောင်းစိုး၏ စီးပွားဖြစ်မွေးမြူရေးခြံသို့သွားရောက်၍ ကြည့်ရှုအားပေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)