သာယာဝတီမြို့နယ်၊ သင်တောရိုးကျေးရွာ၌ ရက်(၉၀) မျိုး၊ နွေစပါးစံပြကွက်ရိတ်သိမ်းပွဲသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်

သာယာဝတီ    ဧပြီ  ၂၃

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက် ၁၁ နာရီက သာယာဝတီမြို့နယ်၊ သင်တောရိုးအုပ်စု၊ သင်တောရိုးကျေးရွာ၊ ကွင်းအမှတ် ၁၂၅၂ တောင်သူဦးကျော်စိုး၏ လယ် (၃) ဧက၌ ပြုလုပ်သည့် ရက်(၉၀)မျိုး နွေစပါးစံကွက်ရိတ်သိမ်းခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ရက်(၉၀)မျိုး နွေစပါးစံကွက် ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ရက်(၉၀)မျိုး နွေစပါးမှာ စံကွက်ဖြစ်ပါက တစ်ဧကလျှင် အစို ၁၁၂ တင်းနှုန်း၊ အခြောက် ၁၀၁ တင်းနှုန်း ထွက်ရှိပြီး ယမန်နေ့က ရိတ်သိမ်းသည့် လယ် (၃) ဧကတွင် စပါးအစို ၃၃၆ တင်းထွက်ရှိကြောင်း၊ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်စိုးလွင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ခရိုင်စက်မှုလယ်ယာဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနခရိုင် ဦးစီးမှူးဒေါ်မာမာအောင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသန်းထွန်းအောင်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သန့်ဇော် (ပြန်/ဆက်)