တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီအစည်းအဝေး အမှတ်စဉ် ၄/၂၀၂၃ သို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော် တက်ရောက်

မုံရွာ ဧပြီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီအစည်းအဝေး အမှတ်စဉ် ၄/၂၀၂၃ ကို ဧပြီလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံမှုလုပ်ငန်းပေါင်း ၄ ခု၊ ရင်းနှီးမြုပ်နှံမှုကျပ် ၈၂၄၀.၀၀ သန်းအား အတည်ပြုမိန့်ထုတ်ပေးနိုင်ခဲ့ပြီး အလုပ်အကိုင်အခွင့် အလမ်းပေါင်း ၃၃၉ ခုအား ဖန်တီးပေးနိုင်ခဲ့ပါကြောင်း ရင်းနှီးမြုပ်နှံမှုကြီးကြပ်မှုအနေဖြင့် ကုမ္ပဏီပေါင်း ၄၆ ခုအား ကွင်းဆင်းဝန်ဆောင်မှုပေးနိုင်ခဲ့ပြီး အတည်ပြုမိန့်ရယူထားကာ စီးပွားဖြစ်မစတင်နိုင်ခြင်းရှိသည့် လုပ်ငန်း ၂၀ ခုကိုလည်း တည်ဆောက်ရေးကာလ သက်တမ်းတိုးမြှင့်ပေးနိုင်ခဲ့ပါကြောင်း၊ စစ်ကိုင်းစက်မှုဇုန်တွင်ရှိသည့် မဟာနီလာ နှစ်ဘီး/သုံးဘီးဆိုင်ကယ် တပ်ဆင်ထုတ်လုပ် ဖြန်ဖြူးရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ရင်းနှီးမြုပ်နှံသူအောင်မြင်မှု မှတ်တမ်းရိုက်ကူးနိုင်ခဲ့ပြီး ယခုမှတ်တမ်းမှတစ်ဆင့် မိမိတို့ရင်းနှီးမြုပ်နှံမှုကာ်မတီ၏ ဆောင်ရွက်ချက်များအား ပြည်တွင်း/ပြည်ပရင်းနှီးမြုပ်နှံသူများအား သိရှိအောင် ရင်းနှီးမြုပ်နှံမှုကော်မတီ ဝက်ဆိုဒ်၊ You Tube နှင့် Facebook Page များတွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့်လည်း တိုင်းဒေသကြီးအတွင်း စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် ရင်းနှီးမြုပ်နှံမှုများဝင်ရောက်ရင်းနှီးမြုပ်နှံနိုင်ရေးအတွက် အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါ်မေမျိုးဇော်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှုလုပ်ငန်း အခြေအနေများနှင့် မတ်လအတွင်း ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့သည့် လုပ်ငန်းအခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီ အဖွဲ့ဝင်များက ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)