မြို့တော်အင်္ဂါရပ်များနှင့် အညီ ဖွံ့ဖြိုးစည်ပင်သာယာရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

ဘားအံ ဧပြီ ၂၂

ကရင်ပြည်နယ်၏ မြို့တော်ဘားအံမြို့အား မြို့တော်အင်္ဂါရပ်များနှင်အညီ သန့်ရှင်းသာယာလှပပြီး ဖွံ့ဖြိုးတိုးတက်စည်ပင် သာယာသော အစိမ်းရောင်ခရီးသွားမြို့တော် ဖြစ်စေရေးအတွက် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်သယံ ဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက ရေစီးရေလာကောင်းမွန်ရေးနှင့် မြို့တွင်းလမ်းများ အဆင့်မြှင့်တင် တိုးချဲ့တည်ဆောက်ရေးလုပ်ငန်းများ အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြည်နယ်ရန်ပုံငွေကျပ် (၅၉၇ဒဿမ၉၈) သန်းဖြင့် ဘားအံမြို့၊ အထက(၄)မှ ကြာအင်းလမ်းဆုံထိ လမ်းသားတိုးချဲ့မည့်နေရာ၊ လမ်းဘေးဝဲယာ ရေမြောင်းပလက်ဖောင်းပြုလုပ်မည့် နေရာ၊  ပလက်ဖောင်း လျှောက်လမ်းပြုလုပ်မည့်နေရာ၊ Box Culvert (၂)စင်းတိုးချဲ့မည့်နေရာ၊ လမ်းသားတိုးချဲ့မြေဖို့ ရန်အတွက် ကျောက်စီမြေထိန်းနံရံ ပြုလုပ်မည့်နေရာ၊ ပြည်နယ်ရန်ပုံငွေကျပ် (၉၀၆ဒဿမ၃) သန်းဖြင့် ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်၊ လုပ်သားလမ်း ကျောက်စီရေမြောင်းပြုလုပ်ခြင်း၊ လုပ်သားလမ်းနှင့် ခွယ်ကဘောင်တံတားကြား ပင်မကျောက်စီရေမြောင်း ပြုလုပ်ခြင်း၊ ခွယ်ကဘောင်တံတားမှ ကန်သာယာ (ရန်မျိုးအောင်လမ်းထိ) ပင်မကျောက်စီရေမြောင်းပြုလုပ်ခြင်း စုစုပေါင်း ကျောက်စီရေမြောင်း ပေအရှည် (၃၄၈၀ပေ) ဆောင်ရွက်ခြင်း၊ ပြည်နယ်ရန်ပုံငွေကျပ် (၈၂ဒဿမ၈) သန်းဖြင့် အမှတ်(၁)ရပ်ကွက်၊ မန်နဲစံတံတားနှင့် ကန်သာယာကြား (၈၇၀ ပေ x ၉ပေ) ကျောက်စီမြေထိန်းနံရံ ပြုလုပ်ခြင်း၊ ကန်သာယာရေကန် ပြန်လည် တူးဖော်နိုင်ရေးနှင့် ပြည်နယ်ရန်ပုံငွေကျပ် ၄၁၅ ဒဿမ ၇၈ သန်းဖြင့် အမှတ်(၆)ရပ်ကွက်၊ ကြာအင်းလမ်းဆုံမှ သိမ်တော်ကြီးကွေ့ထိ လမ်းသားတိုးချဲ့ခြင်း၊ ရေမြောင်းပလက်ဖောင်းပြုလုပ် ခြင်း၊ လမ်းသားတိုးချဲ့မြေဖို့ရန်အတွက်  ကျောက်စီမြေထိန်းနံရံပြုလုပ်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူက တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က မကြာမီအချိန်အတွင်း မိုးရာသီသို့ ရောက်ရှိတော့မည် ဖြစ်သည့်အတွက် မြို့တော်အင်္ဂါရပ်များနှင့် အညီလမ်းများ၊ လူနေရပ်ကွက်များတွင် ရေစီးရေလာကောင်းမွန်စေရေး၊ အမှိုက်များ ကင်းစင်ကာ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ စံချိန်စံနှုန်းများနှင့်အညီ လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး လမ်းညွှန်မှာကြားကာ လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ရန်ပုံငွေကျပ် ၁၅၉ ဒဿမ ၀၃၅ သန်းဖြင့် ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ သိမ်တော်ကြီးကွေ့မှ တက္ကသိုလ်ဓမ္မာရုံထိ တစ်ဖက်လျှင် ၄ ပေ အကျယ်လမ်းသားတိုးချဲ့ခြင်း ၁၃၅၀ ပေ၊  ရေမြောင်းပလက်ဖောင်း ပြုလုပ်ခြင်း ၁၃၅၀ ပေနှင့် မြေကြီးဖို့ခြင်းလုပ်ငန်း၊ ပြည်နယ်ရန်ပုံငွေ ၂၆၀ ဒဿမ ၂၄၆ သန်းဖြင့် ဘားအံ-အိန္ဒုလမ်း ရေမြောင်းပလက်ဖောင်း ပြုလုပ်ခြင်း(၂၉၇၀ပေ)၊ Box Culvert ပြုလုပ်မည့်နေရာ၊ ပြည်နယ်ရန်ပုံငွေကျပ် ၃၄၃ သန်း ဖြင့် ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက် အမှတ်(၁)ပျံကျဈေးမှ ဆယ်အိမ်စုတံတားထိ အလျားပေ ၁၃၀၀၊ အကျယ် ၁၂ ပေ၊ အနက် ၈ ပေရှိ ကျောက်စီ ရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း၊ ပြည်နယ်ရန်ပုံငွေ ၂၁၆ ဒဿမ ၆၃ သန်းဖြင့် ဘားအံမြို့၊ အမှတ်(၇)ရပ်ကွက်၊ စောစံစီဖိုးလမ်း၊ လမ်းဘေးဝဲ/ယာ တစ်ဖက် ၄ ပေစီလမ်းသားတိုးချဲ့ခြင်း လုပ်ငန်းအရှည် ၄၀၆၇ ပေနှင့် Box Culvert တိုးချဲ့ခြင်းလုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က မြို့တော်အင်္ဂါရပ်နှင့် ကိုက်ညီမှုရှိရန်၊ ပြည်သူများစိတ်အေးချမ်းသာစွာ သွားလာနိုင်ရန်၊ ရေစီးရေလာကောင်းမွန်ရန်၊ ယာဉ်အန္တရာယ်/ လမ်းအန္တရာယ် ကင်းရှင်းရေး ထည့်သွင်းစဉ်းစားဆောင်ရွက်ရန်၊ စံချိန်စံညွှန်းများနှင့် အညီအချိန်မီ ပြီးစီးရန်၊ တာဝန်ရှိသူ အဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)