သရက် ဧပြီ ၂၃
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာသက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၏ ညွန်ကြားရေးမှူးချုပ်နှင့်တွေ့ဆုံခြင်းအခမ်းအနားကို ယမန်နေ့ နံနက်(၁၁:၃၀)နာရီက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(သရက်)တွင်ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့် စက်မှုလက်မှုသိပ္ပံ(သရက်) ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာများ၊ ခရိုင်/မြို့နယ် ပညာရေးမှူးများတက်ရောက်ကြသည်။
အဆိုပါ အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးသွင်မှ အဖွင့်အမှာစကားပြောကြားရာမှာ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၏ နောက်ခံသမိုင်း၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များနှင့်မူဝါဒများ၊ လက်ရှိအခြေအနေများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ဖွင့်လှစ်လျက်ရှိသော ကျောင်းအရေအတွက်၊ လက်ရှိဖွင့်လှစ်ထားသောကျောင်းများ၊ သင်တန်းအမျိုးအစားနှင့် သင်တန်းကာလများနှင့် အစိုးရနည်းပညာကောလိပ်၊ သိပ္ပံနှင့်ကျောင်းများတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော ပုံမှန်သင်တန်းများနှင့် ပတ်သက်၍ ပြောကြားပေးခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ခရိုင်ပညာရေးမှူးနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်များမှ သိလိုသည်များမေးမြန်မှုအပေါ် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးသွင်က ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)