မေတ္တာမြို့၌ နွေရာသီကျောင်းပိတ်ရက်အတွင်း တယောတီးသင်တန်းဖွင့်လှစ်

မေတ္တာ ဧပြီ ၂၃

တနင်္သာရီ​တိုင်းဒေသကြီး၊ ထားယ်ခရိုင်၊ မေတ္တာမြို့၊  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မေတ္တာအသင်း တော်မှ လူငယ်များအား ဖိတ်ခေါ်၍ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ယမန်​နေ့ နံနက် (၁၀) နာရီ အချိန်က တယောတီးသင်တန်း(ရက်တို)ကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး (တာဝန်ပေး) ဒေါ်အေးအေးချိုက ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းနည်ပြဆရာ စောဒေး​​လေထူးက သင်တန်းသူများကို သင်တန်းချိန်မှာ ဂရုစိုက်ပြီး လိုက်နာသင်ယူကြရန်နှင့် မိမိသင်ယူတတ်မြောက်ထားသည့် အတတ်ပညာများကို အသင်းတော်၌ လိုအပ်ပါက သွားရောက်ကူညီ ဆောင်ရွက်ပေးစေလို ကြောင်းနှင့် အခြားသူများထံလက်ဆင့်ကမ်း​မျှဝေ ပေးစေလိုကြောင်း ပြောကြားခဲ့ပြီး တယောတီးနည်းများကို သင်ကြားပေးခဲ့ ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို မေတ္တာအသင်းတော်မှ နည်းပြဆရာနှင့် သင်တန်းသူ စုစုပေါင်း (၁၄)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ နံနက် (၁၀)နာရီမှညနေ(၄) နာရီအထိ တစ်ရက်တာသင်တန်းဖြစ်ကြောင်း သိရသည်။

အေးအေးချို (မေတ္တာ)