ဟိုင်းကြီးကျွန်း ဧပြီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက (၁၀:၀၀)နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံမှ ဟိုင်းကြီးကျွန်းဒေသ ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုများပြားလာစေရန်အတွက် လုပ်ဆောင်ကြရမည့် အကြောင်းအရာများ၊ ဟိုင်းကြီးကျွန်းမြို့အား သန့်ရှင်းသာယာလှပပြီး ခရီးသွားများအား ဆွဲဆောင်နိုင်သော မြို့တစ်မြို့ဖြစ်လာစေရေးအတွက် သန့်ရှင်းရေးကိုအဓိကထားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ကဆုန်ညောင်ရည်သွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရန်နှင့် ဒေသတွင်းတရားဥပဒေစိုးမိုးမှုရှိစေရေး၊ ဒေသလုံခြုံရေးလုပ်ငန်းများအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြပြီး ဟိုင်းကြီးကျွန်းဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ ဒေသလိုအပ်ချက်များ၊ ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ဒေသလုံခြုံရေးအခြေအနေများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဟိုင်းကြီးကျွန်း (ပြန်/ဆက်)