ရေတာရှည်မြို့နယ်၌ ထုတ်ကုန်လုံခြုံစိတ်ချရမှုအ​ကြောင်း အသိပညာ​ပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

ရေတာရှည်  ဧပြီ  

ပဲခူးတိုင်း​ဒေသကြီးတောင်ငူခရိုင် ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ​ခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့  နေ့လယ်ပိုင်းတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုအ​ကြောင်း သိ​ကောင်းစရာ အသိပညာ​ပေးဆွေး​နွေးပွဲ (Talk Show) ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ​ဆွေး​နွေးပွဲတွင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်​အေးဆုစံနှင့် စားသုံးသူ​ရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦး​ဇော်​ဇော်​ထွေးတို့က ပါဝင်​ဆွေးနွေးခဲ့ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့်ပတ်သက်၍ ဆောင်ရွက်​နေသည့်လုပ်ငန်းများ၊ ဈေးကွက် စောင့်ကြည့်စစ်ဆေးရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်ရှိ ကုန်စည်များနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်မှု အခြေအနေများအား ဆွေးနွေးပြောခဲ့ကြကြောင်း သိရသည်။ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ အသိပညာ တိုးပွား စေရေးအတွက် ဟောပြောပွဲများ၊ ပြပွဲ ပြိုင်ပွဲများ၊ Talk Show များ စာဖတ်ဝိုင်းများ စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)