ပုလော ဧပြီ ၂၂
တနင်္သာရီဒေသကြီး၊ ပုလောမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဗိုလ်မှူးခင်မောင်လမ်း၊ လမ်းသွယ်(၃)တွင် ယမန်နေ့နေ့လယ် ၂:၅၅ နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
မီးလောင်ရာသို့ အမှတ်၁ စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်ကိုဝင်းနှင့် တာ၀န်ရှိသူများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ဇင်ထိုက်နှင့် မီးသတ်တပ်ဖွဲ့၀င်များ၊ အရံမီးသတ်တပ်ဖွဲ့၀င်များ၊ မီးသတ်ယာဉ် (၂)စီးတို့ဖြင့် သွားရောက်မီးငြိမ်းသတ်ခဲ့ရာ ၁၅:၄၅ ချိန် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်မှာ အိမ်ရှင်ဖြစ်သူ ဒေါ်ချိုချိုသွေး၏ နေအိမ်ဓနိမိုး၊ ဝါးထရံကာတွင် မီးကြွင်းမီးကျန်မှစ၍ မီးလောင်ကျွမ်းခဲ့ရာ ဆုံးရှုံးမှုတန်ဖိုး ၂၁၆၁၈၇၀၀/- ဖြစ်ပြီး အိမ်ခြေ(၂၁)အိမ်နှင့် အိမ်ထောင်စု(၂၂)စုတို့မှ ကျား(၇၂)ဦး၊ မ(၈၉)ဦးတို့အား မိုးလုံလေလုံအားကစားခန်းမတွင် ပြောင်းရွှေ့နေထိုင်စေပြီး မီးလောင်ကျွမ်းမှုကြောင့် အိမ်ရှင်ဖြစ်သူအား ဥပဒေနှင့်အညီရေးယူ ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အေးအေးမော် (ပုလော)