မော်လမြိုင်ကျွန်းမြို့ ဧပြီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ် စီမံအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်က အမှာစကားပြောကြား ရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဒေသန္တရစီမံကိန်းများမှ ကဏ္ဍာအလိုက်ရည်မှန်းချက် များနှင့် စီမံကိန်းလုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရန် စီမံကိန်းတာဝန်ပေးအပ်ခြင်းဖြစ်ပါ ကြောင်း မြို့နယ်စီမံကိန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဌေးက ဒေသန္တရ စီမံကိန်းရည်မှန်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နော်မြို့နယ်အဆင့်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများအား ကဏ္ဍအလိုက်စီမံကိန်းများနှင့် ဒေသအလိုက်ဖွံ့ဖြိုးရေးစီမံကိန်းတာဝန်များကို တာဝန်ရှိသူများကလွှဲပြောင်းပေးအပ်ကြပါသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီအဖွဲ့များနှင့် မြို့နယ်အဆင့် သက်ဆိုင်ရာဌာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)